နောင်ချို ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် အခြေခံပညာကျောင်းသား/ကျောင်းသူများအား နွားနို့နှင့်ကြက်ဥပြုတ် ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းအခမ်းအနားကို ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၉)နာရီတွင် နောင်ချို မြို့နယ်ရှိ အ.မ.ကများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် အခြေခံပညာကျောင်းသား/ကျောင်းသူများအား နွားနို့နှင့်ကြက်ဥပြုတ်ဖြည့်စွက်အာဟာရတိုက်ကျွေးခြင်း အခမ်းအနားကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးအောင်ကျော်သန်းမိသားစု၊ ဒေါ်ခိုင်သန္တာထွေးမိသားစုတို့၏ပံ့ပိုးမှုဖြင့် ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်(၉) နာရီတွင် နောင်ချို =မြို့နယ်၊ သပြေရေရပ်ကွက်ရှိ အ.မ.က-သပြေရေနှင့် ကံကြီးကျေးရွာအုပ်စုရှိ အ.မ.က-လက်ပံကုန်းကျောင်း များ၌ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်သန်း၊ ဒေါ်ခိုင်သန္တာထွေး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး အခြေခံပညာကျောင်းသား/ကျောင်းသူ(၃၉၉)ဦးအား နွားနို့(၄၀) ပိဿာနှင့် ကြက်ဥပြုတ် (၃၉၉)လုံးကို ဖြည့်စွက်အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်ဆက်