သတင်းများ

သာစည်မြို့နယ် မြေစိုကျေးရွာတွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် မြေစိုကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာ အားကစား(အလွတ်တန်း)ဖိတ်ခေါ်ပြိုင်ပွဲကျင်းပ
Dec 26,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာ အားကစား(အလွတ်တန်း) ဖိတ်ခေါ်ပြိုင်ပွဲကို ဈေးတန်းရပ်ကွက်အတွင်းရှိ “ချန်ပီယံ” ဘိလီယက်စနူကာခုံ၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၌ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေ
Dec 26,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (အဖွဲ့ငယ်) မှ လာရောက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ ည ၇ နာရီမှ စတင်၍ အမှတ်(၅၁၄) ခြေမြန်တပ်ရင်းခန်းမ၌ ကပြဖျော်ဖြေခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီဖူလုံစေရန် ဆီထွက်သီးနှံမြေပဲအား သတ်မှတ်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
Dec 26,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲကို သတ်မှတ်ဧက အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ လန်းနောက်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်
Dec 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ လန်းနောက်ကျေးရွာ အုပ်စု (VDP)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးရေး နည်းပညာပေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့ ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင် ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
Dec 26,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ရှိ အထင်ကရနေရာ ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီး၌ ဒုတိယအကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉နာရီက ကျောက်နဂါးကုန်းတော် အောင်တော်မူအေးစေတီတော်မြတ်ကြီး ရင်ပြင်၌ ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအလိုက် လှည့်လည် အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်
Dec 26,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက  မီးဘေးလုံခြုံရေးများအတွက် ယမန်နေ့ ညပိုင်းက လှည့်လည်အသိပေး နှိုးဆာ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄၇ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းကြီးကျေးရွာနှင့် အောင်သာကျေးရွာတို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၄၇ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာများ၌ ကျင်းပခဲ့ကြောင်း သိရသည်။