ရွှေတောင် ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးများအတွက် ယမန်နေ့ ညပိုင်းက လှည့်လည်အသိပေး နှိုးဆာ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာ၍ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် အိမ်တိုင်း ခိုင်ခန့်သော မီးချိတ်၊ မီးကပ်နှင့် သဲ၊ ရေတို့ကို ပြည့်စုံစွာထားရှိရန်၊ မီးသုံးစွဲပြီးလျှင် မီးကြွင်း၊ မီးကျန် မရှိ စေရန် စနစ်တကျ ငြိမ်းသတ်ဖုံးအုပ်ထားရန်၊ ဟောင်းနွမ်နေသော လျှပ်စစ်ဝါယာကြိုး၊ ပျက်စီးချို့ယွင်းနေသော မီးခေါင်း၊ မီးခလုပ်များ အသုံးမကြုရန်၊ တရားမဝင် လောင်စာဆီများကို သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် မီးလာင်မှုဖြစ်ပေါ်ပါက နီးစပ်ရာ မီးသတ်စခန်း (သို့) မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန် စသည့် ညွှန်ကြားချက်များအား ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များ၊ မယားမာန်နယ်မြေမီးသတ်စခန်းရှိ တပ်ဖွဲ့ဝင်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက်မီးဘေးအသိ/သတိရှိစေရန်နှင့် မီးဘေးလုံခြုံရေးများအတွက် လှည့်လည် အသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)