သတင်းများ

ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေး မြေယာပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ မြေပဲစိုက်‌တောင်သူများထံမှ သိရသည်။
ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Oct 15,2023
ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး ယမန်နေ့က ပဲခူးမြို့နယ် စိုင်တီကျေးရွာ၊ စိုင်တီတောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသောပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြသည်။
ဧရာဝ‌တီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Oct 15,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ပဲခူးမြို့ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများလှူဒါန်း
Oct 15,2023
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ယမန်နေ့က ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများ လာရောက်လှူဒါန်းခဲ့ကြသည်။
အုတ်တွင်းမြို့နယ်၌ စာဖတ်ဝိုင်း ကျင်းပ
Oct 15,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်  အမျိုးသမီးအသင်း (Woman Club)တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ မိဘများအနေဖြင့် ပန်းလှလှကို ရလိုလျှင် ဥယျာဥ်မှူးကောင်းများ ဖြစ်ရန်လိုအပ်၍ သားကောင်း၊ သမီးကောင်းများရလိုလျှင် ကိုယ်တိုင် မိဘကောင်းဖြစ်ရန် လိုအပ်ပါကြောင်းနှင့် ရိုးသားမှုကြိုးစားမှုများဖြင့် လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Oct 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၏ ထောက်ပံ့ပေးအပ်ခြင်း အစီအစဉ်ဖြင့် မက်မန်းမြို့နယ်အတွင်းရှိ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် အလှူမင်္ဂလာပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး
Oct 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ယမန်နေ့က သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် နိဗ္ဗာန်စျေး၊ ဆီမီးပူဇော်ရေး၊ စာရေးတံမဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူရေး စသည့်အလှူမင်္ဂလာပွဲများ ကျင်းပနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Oct 14,2023
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကသာမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။