ပင်းတယမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာ အားကစား(အလွတ်တန်း)ဖိတ်ခေါ်ပြိုင်ပွဲကျင်းပ

ပင်းတယ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာ အားကစား(အလွတ်တန်း) ဖိတ်ခေါ်ပြိုင်ပွဲကို ဈေးတန်းရပ်ကွက်အတွင်းရှိ “ချန်ပီယံ” ဘိလီယက်စနူကာခုံ၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ပင်းတယမြို့နယ်အတွင်းရှိ ဘိလိယက်စနူကာအားကစားဝါသနာရှင် (၄၀)ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် တံခွန်စိုက်ချန်ပီယံဆုဖလားနှင့် ဆုတံဆိပ်များ၊ ဆုကြေးငွေများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင်ထူးချွန်သူများအား ပြည်နယ်အဆင့်စနူကာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ဒေသပြန်/ဆက်)