သတင်းများ

သရက်မြို့၌ (၇၅)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၅၆)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ
Dec 27,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၇၅) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၅၆) ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့ နံနက် (၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ကျွန်းလှ၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ဆန်နှင့် ဆီထောက်ပံ့ပေးအပ်
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ယနေ့ နံနက် ၁၀ နာရီက ဆန်နှင့် ဆီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ပန်းချီ၊ကဗျာ၊စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။ 
ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေး
Dec 27,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နွေစပါးတိုးချဲ့စိုက်ပျိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသည် ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက လိပ်သေကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Dec 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲပြုလုပ်
Dec 27,2023
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက  အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၌ ပြုလုပ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး (၂ /၂၀၂၃) သို့ တက်ရောက်
Dec 27,2023
ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး (၂/၂၀၂၃) ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နတ်မောက်မြို့၌ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Dec 27,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဒေသခံပြည်သူများ  အားကစားပြုလုပ်ပေးခြင်းဖြင့် ရွှင်လန်းသောစိတ်၊ ထက်မြက်သော ဦးနှောက်များပိုင်ဆိုင်နိုင်ပြီး အချင်းချင်းပူးပေါင်း၍  အားကစားစိတ်ဓာတ်မြင့်မားလာစေရန်  ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ရှေ့တွင် အားကစားပြိုင်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။