ဒေးဒရဲမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ် ပို့ချပေးလျက်ရှိ
Dec 27,2023
ဧရာဝတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ဒေးဒရဲမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။