သတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးနေမှုကို သွားရောက်ဖူးမြော်ကြည်ညို
Dec 27,2023
စစ်တွေမြို့၊ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကုဆေးရုံကြီး၌ နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေး စစ်ဆေးမှုကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိ‌ရေး၊ စာပေမှရရှိသော ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် မီးသတ်ဦးစီးဌာနရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁ဝ)နာရီခွဲ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ မင်းလှမြို့၌ ရေပေးဝေရေး ရေစုကန်၊ ရေစစ်ကန်နှင့် ဓာတ်အားခွဲရုံ တည်ဆောက်မှုအား ကြည့်ရှုစစ်ဆေး
Dec 27,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့သည် မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာအနီးရှိ စစ္စနို့ဓာတ်အားခွဲရုံနှင့် ရွာ‌တော်ကျေးရွာအနီးရှိ ဂါလံ (၁၅၀၀၀၀) ဆံ့ ရေစစ်ကန်နှင့် ရေစုကန်တည်ဆောက်မှုများကို ယမန်နေ့ညနေ (၃) နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းယောင်းမြို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Dec 27,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ရပ်ရွာနေပြည်သူများအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းဆင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 27,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းဆင့်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင် ဝန်ထမ်းများ နိုင်ငံဝန်ထမ်းနည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန်၊ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။    
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီအချိန် ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
မြို့သစ်မြို့နယ်မှ နိုင်ငံဝန်ထမ်း (အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ဆေးကုသမှု ဆောင်ရွက်
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။