Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
သီပေါမြို့နယ်ဒေသခံပြည်သူများအား စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Oct 15,2023
သီပေါမြို့နယ်ရှိ ဒေသခံပြည်သူများ စားသုံးဆီများကို သက်သာဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်အတွက် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆီပိဿာ (၂၂၀၀) ကို မြို့ပေါ်ရှိကုန်စုံဆိုင်အချို့နှင့် ကျေးရွာအချို့တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Oct 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တွင် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျောင်းဝင်းအတွင်း/အပြင်ရှိ အမှိုက်နှင့်မြက်ပင် ခြုံနွယ်များကို ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျက်စီးယိုယွင်းနေသော နံရံဆေးပန်းချီများ ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန် ကြည့်ရှုစစ်ဆေး
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မှန်ကင်းကျောင်းဝင်းအတွင်းရှိ ကိုးခန်းကြီး (ခေါ်) ဝတ်ကြီးလိုဏ်ဂူအတွင်းမှ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သော ရှေးဟောင်းယဉ်ကျေးမှုလက်ရာ နံရံဆေးပန်းချီများမှာ အုတ်၊ အင်္ဂတေများကွာကျ၍ ပျက်စီးယိုယွင်းနေပြီ ဖြစ်သောကြောင့် ရှေးမူမပျက် ပြန်လည်ပြုပြင်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကျေးလက်လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းများ လမ်းခင်းခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့အနေဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေး မြေယာပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်
Oct 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်တွင် ဒေသတွင်း ဆီထွက်သီးနှံများ အထွက်တိုးစေရေးအတွက် မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံ မြေပဲစိုက်တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသော ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Oct 15,2023
ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး အရိယာမဂ္ဂင်လူမှုကူညီရေးအသင်းတို့ပူးပေါင်းပြီး ယမန်နေ့က ပဲခူးမြို့နယ် စိုင်တီကျေးရွာ၊ စိုင်တီတောင်ကျောင်းကြီးဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌ ရေကြီးနစ်မြုပ်မှုဒဏ်ခံရသောပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Oct 15,2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ပဲခူးမြို့ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများလှူဒါန်း
Oct 15,2023
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ယမန်နေ့က ပဲခူးမြို့ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်အစားအစာများ လာရောက်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8041
Page
8042
Page
8043
Page
8044
Current page
8045
Page
8046
Page
8047
Page
8048
Page
8049
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department