သတင်းများ

နွားထိုးကြီးမြို့နယ်၌ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်နှင့်ပညာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 01,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆင်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) ရပ်ကွက်၊ ညောင်ပင်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူ
Nov 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျုံတနော်တောင်ကျေးရွာအုပ်စု ကျုံတုန်းကျေးရွာတွင် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီမှစတင်၍ တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူခြင်း လုပ်ငန်းများ​ ဆောင်ရွက်ခဲ့ကြသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ
Nov 01,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဖရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းကာ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန် ကရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား/သူများအား တွေ့ဆုံအားပေးထောက်ပံ့ခြင်း အခမ်းအနားတက်ရောက်
Nov 01,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရကျောင်းသား/သူများအား တွေ့ဆုံအားပေးထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
မလှိုင်မြို့နယ်တွင် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 01,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေ စာရင်းများ ရရှိရန် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Nov 01,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ခအုန်းမော်ကျေးရွာအုပ်စု၊ ကူးတော့ဆိပ်ကျေးရွာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် ဌာနဆိုင်ရာများ၊ ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။
မြန်အောင်မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်း ဖွင့်ပွဲအခမ်း အနားကျင်းပ၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းများ ဆောင်ရွက်
Nov 01,2023
မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက် ရာတွင်အခြေခံကိန်း ဂဏန်းများမှန်ကန်ရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ဝါးခယ်မမြို့ သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Nov 01,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သကျမဟာသီရိမြတ်စွာဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး အလှူတော်ငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မဟာပုညတန်ဆောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။