မော်လမြိုင် ဒီဇင်ဘာ ၂၈
YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုနေမှုကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ရွှေနတ်တောင်) ကျောင်းတို့၌ ကျောင်းသား၊ ကျောင်းသူများ၏ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများရှိ စာစစ်ဌာန (၅၇) ခုတို့၌ ပထမအဆင့် (၆၅၆၉) ဦး၊ ဒုတိယအဆင့် (၄၄၇) ဦး၊ တတိယအဆင့် (၁၀၃) ဦး စုစုပေါင်း (၇၁၁၉) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း၊ YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှ ကြီးမှူး ကျင်းပသော (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို မြို့နယ်အတွင်းရှိ သြဝါဒဆရာတော်ကြီးများ၊ အသင်းနာယကများ၊ အလုပ်အမှုဆောင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက ဝိုင်းဝန်းကူညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)