သတင်းများ

သီပေါမြို့၌ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှုအောင်ပွဲမင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အလှူငွေ (၂၂၅)သိန်း ပေးအပ်လှူဒါန်း
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်မဟာသာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှု အောင်ပွဲမင်္လာအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာလ(၁၁)ရက်နေ့ မွန်းလွဲ(၁)နာရီက အဆိုပါသာသနာ့ဗိမာန်တော်ကြီး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မူလတန်းကြိုကျောင်း မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရင်သွေးငယ်များဉာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ကျောက်ဆည် မူလတန်းကြိုကျောင်း မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ရင်သွေးငယ်များ ဉာဏစွမ်းရည် ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ထက်မြက်သော လူတော် လူကောင်းများ ဖြစ်စေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပ ဆောင်ရွက်
Oct 13,2023
ပွင့်ဖြူ အောက်တိုဘာ ၁၃ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတ တိုးပွားပြီး ဘက်စုံထူးချွန် ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာနှင့် ကန်ဆွယ်ကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းခွဲများသို့ သွားရောက်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်းကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင် ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (ပဲစဉ်ငုံ+နေကြာ) သီးညှပ်၊ သီးထပ် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံ
Oct 13,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် သရက်မြို့နယ် သဲဖြူကျေးရွာ ကွင်းအမှတ်(၂၀၇Aခ)တွင်)ဆောင်ရွက်လျက်ရှိသော ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်(၁၃)ဧကနှင့် မိုးနှမ်းရိတ်သိမ်းပြီး (ပဲစဉ်ငုံ+နေကြာ)သီးညှပ်၊သီးထပ် စိုက်ပျိုးခြင်းစံပြကွက် (၁၁)ဧက ကွင်းသရုပ်ပြပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ ညနေ (၅)နာရီက ဆောင်ရွက်ခဲ့သည်။
လွိုင်လင်မြို့နယ်၊ ခဲလောင်းကျေးရွာတွင် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)တို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့်  စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောက်လုပ်ခဲ့သော လွိုင်လင်အရှေ့ ကျေးရွာအုပ်စု ခဲလောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်) ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပါသည်။
နတ်မောက်မြို့နယ်၌ ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ သီးထပ်သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။