ဖြူး ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပြည်သူများ စာအုပ်စာပေများ လွယ်ကူစွာငှားရမ်းနိုင်ပြီး ပိုမိုဖတ်ရှုနိုင်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက သုတရသစာအုပ်စာစောင်များ၊ ကလေးစာပေများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ငှားရမ်းပေးရာတွင် ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြန်မာ့စာတိုက်လုပ်ငန်း၊ မြို့နယ်ဥပဒေရုံး၊ တိုင်းရင်းဆေးခန်းနှင့် မြို့မအနောက်ရပ်ကွက်တို့တွင် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ရပ်ကွက်အတွင်းပြည်သူများအား သုတရသစာအုပ်များ၊ ကလေးစာပေများ၊ စာစောင်များအပါအဝင် စုစုပေါင်း စာအုပ်(၂၁၀)ကျော်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)