ကျုံပျော် ဒီဇင်ဘာ ၂၈
ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရုရိုး မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှု ကိစ္စများ၊ ကလေးများအတွက် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် မူကြိုကလေးငယ်လေးများက ကာယစွမ်းရည်ပြိုင်ပွဲများအား အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး၊ တာဝန်ရှိသူများက ပါ၀င်ယှဥ်ပြိုင်ကစားခဲ့ကြသည့် မူကြိုကလေးငယ်များအား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း၊ အဆိုပါ အခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ခရုရိုးကျေးရွာ မူကြို ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများ၊ ကျောင်းသားမိဘများ၊ မူကြိုကလေးငယ်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)