သတင်းများ

မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက် ကပြဖျော်ဖြေ
Oct 16,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေ ပျော်ရွှင်စေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြ ဖျော်ဖြေပွဲကို ယမန်နေ့ည (၇) နာရီမှ စတင်၍ မိုင်းဆတ်မြို့နယ်၊ ဆက်သွယ်ရေး(၁၀)တပ်ရင်းရှိ ကွင်းပြင်၌ ကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)စတင် ထိုးနှံပေး
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အတွင်း အမျိုးသမီးငယ်များအား အောက်တိုဘာလ ၁၆ရက်မှ စတင်ပြီး ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)စတင် ထိုးနှံပေးလျက်ရှိသည်။
စေတုတ္တရာ မြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနေ့အဖြစ် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Oct 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနေ့အဖြစ် အပတ်စဉ် တနင်္လာနေ့တိုင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်ရှိ မြို့မဈေးသို့ သွားရောက်ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး
Oct 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီတစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက် စာမေးပွဲများအေးချမ်းစွာဖြေဆို
Oct 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ တတ်မြောက်မှုစစ်ဆေးခြင်း ပထမနှစ်ဝက်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 မှ Grade-12 အထိ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ ယနေ့နံနက် ၉ နာရီအချိန်က ဒုတိယနေ့အဖြစ် ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
ငဖဲမြို့နယ် ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Oct 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကိုရှေးရိုးရာအစဉ်အလာအတိုင်းစည်ကားသိုက်မြိုက်စွာကျင်းပမည်
Oct 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက်နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာ အစဉ်အလာအတိုင်းစည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Oct 16,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ငှားရမ်းပေးကြသည်။