လိပ်သိုမြို့၌ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် လိုက်နာဆောင်ရွက်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လိပ်သို ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီမှ ဖြန့်ဝေသည့် နွေ၊ မိုး၊ ဆောင်း၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာနှင့် လိုက်နာဆောင်ရွက်ရန်  လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပေါ်/ရပ်ကွက်များ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များတွင်  နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီတို့၌ ဖြစ်ပွားတတ်သည့် သဘာ၀ဘေးအန္တရာယ်များ၊ ရာသီအလိုက် ဖြစ်ပွားတတ်သည့် ရောဂါများ၊ မိုးရာသီ၌ ဖြစ်ပွားတတ်သည့် ကျန်းမာရေးပြဿနာများနှင့် ကာကွယ်ရန် အချက်များ၊ ဆောင်းရာသီကာလ လိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန်များ၊ မကြာမီ ပူးပြင်းခြောက်သွေ့သော နွေရာသီကာလတို့တွင် ကြုံတွေ့နိုင်သည့် အချက်များဖြစ်သည့် အပူဒဏ်အန္တရာယ်  ရှောင်ကြဉ်ရန်အချက်များ၊ နွေအပူဒဏ်ကြောင့် ရာသီဥတု ပြောင်းလဲမှုမဖြစ်စေရန် ဆောင်ရွက်သင့်သည့်အချက်များ၊ ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် ဖြစ်ပေါ်တတ်သော အပူဒဏ်မှ ကာကွယ်နိုင်ရန်အချက်များ၊ မီးဘေးအန္တရာယ် ကာကွယ်ရန်အချက်များ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များအား ကျောင်းသား၊ လူငယ်၊ ပြည်သူများ သိရှိနားလည် လိုက်နာဆောင်ရွက်နိုင်ရန်အတွက် လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)