(ခရစ္စမတ်နေ့)တွင် ငွေဆောင်ကမ်းခြေ၌ ခရီးသွားဧည့်သည်များဖြင့် စည်ကား

ငွေဆောင် ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ ဒီဇင်ဘာလ(၂၅) ရက်နေ့၊ ခရစ္စမတ်နေ့၌  အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ ပင်လယ်ရေ ကြည်လင်ခြင်း၊ သဲသောင်ပြင်သန့်ရှင်းခြင်း၊ ဟိုတယ်များဝန်ဆောင်မှု ကောင်းမွန်ခြင်း စသည်တို့ဖြင့် ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားရာ ကမ်းခြေတစ်ခုဖြစ်ပြီး ခရစ္စမတ်နေ့တွင် ငွေဆောင်မြို့ထဲရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင် အပန်းဖြေ၊ ရေကူး၊ လမ်းလျှောက်ကြသူများ၊ အထင်ကရ ကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ချစ်သူများကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ကျောက်မောင်နှမ၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းများသို့ သွားရောက် လည်ပတ်ကြသူများဖြင့် စည်ကား သိုက်မြိုက်ခဲ့ကြောင်း သိရသည်။

မြို့နယ်