ပေါက်ခေါင်းမြို့နယ်၌ ငရုပ်၊ ကြက်သွန်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ  ၃၈၃၅  ဧက စိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဒီဇင်ဘာ   ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ် ဆောင်းရာသီအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုပ်၊ ကြက်သွန်နှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ  ၃၈၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ၏ သီးသန့်ယာမြေများနှင့် ခြံမြေများတွင် ငရုပ် ၄၉ ဧက၊ ကြက်သွန်နီ ၂၅၅ ဧကနှင့် ခရမ်းပင်၊ ဆလပ်၊ မုန်ညင်းနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံစုံ ၃၅၃၁ ဧက၊ စုစုပေါင်း ၃၈၃၅ ဧက စိုက်ပျိုးထားနိုင်ခဲ့သည်။ စိုက်ပျိုးရေးနည်းပညာအားကောင်းလာသည့်အတွက် အထွက်နှုန်းနှင့် သီးနှုန်းအားကောင်းသည့် သီးနှံမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ တောင်သူများ အဓိက စိုက်ပျိုးရောင်းချသည့် ငရုပ်၊ ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်သီးနှံပင်များမှာ ပဲရှည်သီး၊ ခရမ်းသီး၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ ခရမ်းချိုသီး၊ ရုံးပတီ၊ သခွါး၊ ဆလပ်၊ မုန်ညင်း၊ ကြက်ဟင်းခါးသီးတို့အပြင် ဖူးစားပြောင်းနှင့် ကွမ်းပင်များကိုလည်း မြေအောက်အဝီစိတွင်းရေနှင့် ရေနှင့်‌ ချောင်းရေတို့ကို အသုံးပြု၍ စိုက်ပျိုးကြသည်။

အဆိုပါ ဆောင်းသီးနှံစိုက်ပျိုးသည့် ဝောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းစနစ်များနှင့် ပိုးမွှားကျရောက်မှု ကာကွယ်ရေးဆိုင်ရာ နည်းပညာများအား အသိပညာပေး‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)