သတင်းများ

မိုးညှင်းမြို့ဌာနဆိုင်ရာဝန်ထမ်းများမှ ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မြသိန်းတန်ဘုရားတို့တွင် သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၀၀၀၀)စီ ထွန်းညှိပူဇော်သွားမည်
Oct 28,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ပေါ်ရှိ အထင်ကရဘုရားများဖြစ်သည့် ပြည်လုံးချမ်းသာ ရွှေသာလျောင်းဘုရားကြီးနှင့် မြသိန်းတန်ဘုရားတို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ သီတင်းကျွတ်လပြည့်ည၌ ဆီမီး(၁၀၀၀၀)စီ ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့ အင်းမြသာယာအားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြော စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များပြသ
Oct 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့ အင်းမြသာယာ အားကစားခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား စတုထ္ထအကြိမ်မြောက် အဆင့်မြင့်ဘော်လီဘောပြိုင်ပွဲနှင့် ပထမအကြိမ်မြောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်
Oct 28,2023
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာ စံနန်းတော်ရာ စန္ဒာမုနိဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌဖလား စတုထ္ထအကြိမ်မြောက် အဆင့်မြင့်ဘော်လီဘောပြိုင်ပွဲနှင့် ပထမအကြိမ်မြောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားမြောက်ဘက်ရှိ ဘော်လီဘောအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ
Oct 28,2023
မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရား (၁၃၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀×၁၂လမ်းကြား၊ ၆၂×၆၆ လမ်းကြားရှိ အဆိုပါဘုရား မုဒ်ဦးရှိတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ ဥပဒေချုပ်ဦးမြင့်အောင်၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး ဦးကျော်လှိုင်၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကုသိုလ်‌တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒုတိယဥက္ကဋ္ဌဦးစိန်မြင့်၊ အတွင်းရေးမှူး ဦးတင်သန်းနှင့်အဖွဲ့ဝင်များ မန္တလေးတောင်ဂေါပကအဖွဲ့၊ ကျောက်တော်ကြီးဘုရားဂေါပကအဖွဲ့နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှပွင့်လင်းရာသီမြို့သာယာလှပစေရေးဆောင်ရွက်
Oct 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ပွင့်လင်းရာသီအမီမြို့အင်္ဂါရပ်နှင့်အညီသစ်လွင်တောက်ပစေရေးနှင့် မြို့သန့်ရှင်း သာယာလှပစေရန်အတွက် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ‌ရေး ပါတီများ၏ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိစေရေး ဥပဒေနှင့်အညီ စီစစ်မှု အခြေအနေ များ၊ ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ တွေ့ဆုံပွဲကျင်းပ
Oct 27,2023
ပြည်ထောင်စုရွေးကောက်ပွဲ‌ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းသည် ယနေ့နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နိုင်ငံ‌ရေးပါတီ ၅ ပါတီမှ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များအား တွေ့ဆုံ၍ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ‌ရေးပါတီများ၏ ပါတီဝင်အင် အားစာရင်းများ မှန်ကန်မှုရှိစေရေး ဥပဒေနှင့်အညီ စီစစ်မှုအခြေအနေများ၊ ရွေးကောက်ပွဲ ဆိုင်ရာများနှင့် စပ်လျဉ်းပြီး
သာပေါင်းမြို့နယ်၊သီရိ‌ရွှေသာဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ
Oct 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများမီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက အချိန်မီငြှိမ်းသတ်နိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများကို ယနေ့ အောက်တိုဘာလ၂၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန် သီရိရွှေသာ ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြဆောင်ရွက်ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများနှင့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံ နေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်အားပေး
Oct 27,2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ကွင်းယားကြီးကျေးရွာ၌ပြုလုပ်သည့် မိုးစပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအား ပေးပြီး အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ   စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး စင်တာတွင်ပြုလုပ်သည့် ၂၀၂၃ခုနှစ်၊ ဆောင်းသီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်၍ နေကြာမျိုးစေ့များ တက်ရောက်ပေးအပ်ခဲ့သည်။