ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်

ကလိန်အောင် နိုဝင်ဘာလ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က  အနာဂတ်အမျိုးဆက်သစ် ထွန်းလင်းတောက်ပလာမည့် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန် အတွေးအခေါ် ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စာပေတန်ဖိုးကို သိရှိလေ့လာမှတ်သားတက်စေရန်နှင့် စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ပြီး ပြိုင်ပွဲကို အ.ထ.က ကလိန်အောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက စိတ်ကြိုက်ကဗျာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ပါဝင်ယှဉ်နိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ပြန်/ဆက်)