ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများကျင်းပဆောင်ရွက်

ရန်ကုန်       နိုဝင်ဘာ    ၁၅

အနာဂတ်မျိုးဆက်သစ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ဖြတ်ထိုးဉာဏ်ရင့်သန်လာစေရန်ရည်ရွယ်၍ စကားပုံဆက်ခြင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ဒေါပုံမြို့နယ်အမှတ်()အခြေခံပညာအထက်တန်းကျောင်း Grade -7 မှ ကျောင်းသား/ ကျောင်းသူ(၃၀)ဦးတို့က ပါဝင်ယဥ်ပြိုင်ခဲ့ကြရာ စကားပုံဆက်ခြင်း၊ ဥာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းနှင့် အားကစားနည်းများဆော့ကစားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ၎င်းပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချစ်စုဝေက စာရေးကိရိယာဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထိုကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေသည့် ပြိုင်ပွဲများအား လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များကို ဖိတ်ခေါ်၍ ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)