ပန်းတောင်း နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရွာသာယာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်း၌သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောမှုအစီအစဉ်တွင် အ.ထ.က(ခွဲ)ရွာသစ်ကျောင်းမှ ကျောင်းသားကျောင်းသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေခိုင်ဆက်က သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက မည်သို့နေထိုင်ပြုမူစားသောက်ရမည်ကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက မည်သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရမည်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီးလက်ကမ်းစာစောင်များပေးဝေခြင်း၊ ဘောပင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြသည်။
လပြည့်လင်း(ပြန်/ဆက်)