သတင်းများ

မြိတ်မြို့သီတဂူဇီဝိတဒါန စက္ခုဒါနဆေးရုံ၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ(၃၁၆)ဦး၏ မျက်စိရောဂါဝေဒနာများအား အခမဲ့ ခွဲစိတ်ကုသ အလင်းဒါန ပြုပေးခဲ့ 
Dec 31,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတဒါန, စက္ခုဒါနဆေးရုံတွင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူ ဆရာတော်ဦးဆောင်သည့် သီတဂူ နယ်လှည့်မျက်စိအထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မြိတ်ခရိုင် အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများ၏ မျက်စိ ရောဂါဝေဒနာရှင်များအား (၅)ရက်တိုင်တိုင် အခမဲ့စမ်းသပ် ခွဲစိတ်ကုသ အလင်းဒါနပြုပေးခဲ့ကြသည်။
ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးအခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားကွင်းဆင်းဆောင်ရွက်
Dec 31,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်း(၂) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီမှစတင်၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Dec 31,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်
၂၀၂၃ -၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်း
Dec 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-12) သင်ရိုးသစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ခရိုင်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဧရာမင်းမိုးစပါး စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကျင်းပ
Dec 31,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧရာမင်းမိုးစပါး စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာတောင်သူ ဒေါ်မာမာစန်း၏ ကွင်းအမှတ်(၇၉၀)ရှိ မိုးစပါးစံပြကွက်စိုက်ခင်းတွင် ကျင်းပခဲ့သည်။
ခရမ်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပဉ္စမပတ်ဆောင်ရွက်
Dec 31,2023
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် (၅)နာရီအချိန်က ၂၀၂၃-ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ပဉ္စမပတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့တွင် ဒီဇင်ဘာအားကစားလ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Dec 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ယမန်နေ့ နံနက် ၆ နာရီခွဲက ဒီဇင်ဘာအားကစားလ ပဉ္စမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ စုစုပေါင်းအင်အား ၁၁၅၀ ဦးခန့်က တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။
ကျောက်ဆည်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံဓာတ်ခွဲနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Dec 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဇီဝနည်းပညာသုတေသနဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက ဇီဝနည်းပညာ သုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ဓာတ်ခွဲသုတေသနဆောင်ရွက်ရန် နမူနာပစ္စည်းများတိကျစွာ စနစ်တကျကောက်ယူနိုင်ရေး၊ ရေ၊မြေနှင့်လေထုအရည်အသွေး တိုင်းတာစစ်ဆေးမှုဆိုင်ရာ လက်တွေ့နယ်ပယ်တွင် အတတ်ပညာနှင့်အတွေ့အကြုံများ မြှင့်တင်ပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြခံဓာတ်ခွဲနည်းပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။