သတင်းများ

မိုင်းရှူးမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး
Nov 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြည်သူလူထု အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်း ကုန်ထုတ်အရင်းအနှီးများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ စက်ရုံ၊ အလုပ်ရုံ၊ ယဉ်ကျေးမှုအမွေအနှစ်များ မီးဘေးအန္တရာယ်မှကင်းရှင်း‌စေရေးအတွက် ယနေ့မွန်းလွဲ(၁)နာရီက မြို့မစျေးနှင့် ရွှေဟင်္သာစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်းကျင်းပသည်။
မိုင်းယုမြို့ အပျံသင်စနှင့်လူငယ်ဝတ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်မုန်းငြိမ်း၏ “အပျံသင်စနှင့် လူငယ်ဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများပေးအပ်
Nov 17,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်) ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပန်ကေတုကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲများ ပြုလုပ်
Nov 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံတူပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့၌ “အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး”အသိပညာပေး Talk Show ဆောင်ရွက်
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက “အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ဆောင်းသီးနှံ အာမခံ တောင်သူအသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆောင်းသီးနှံအာမခံတောင်သူ အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
မိုင်းတုံမြို့ရှိ မြို့မပန်းခြံထောင့်၌ ၂၄ နာရီ Helpline ဝန်ဆောင်မှု ဆိုင်းဘုတ်လွှင့်ထူ
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မပန်းခြံထောင့်၌ ၂၄နာရီ Helpline ဝန်ဆောင်မှု ဆိုင်းဘုတ်လွှင့်ထူခြင်းကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက် ၁ဝ နာရီ ၁၅ အချိန်က ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်နီနီထွန်းဦးဆောင်၍ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်လူမူဝန်ထမ်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။