(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

လွိုင်လင် ဇန်နဝါရီ  ၂

၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ စစ်တုရင်ပြိုင်ပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိန်းသန်းဌေးက အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲအား ပထမဆုံးရွေ့ကွက်ကို‌ ဒေါ်သိန်းသန်းဌေးနှင့်တာဝန်ရှိသူများမှ ရွေ့ပေးပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးပါသည်။

စစ်တုရင်ပြိုင်ပွဲသို့ အကြီးတန်းအဆင့်၊ လူသစ်တန်းအဆင့်နှင့် အငယ်တန်းအဆင့် ပြိုင်ပွဲများကိုကျင်းပရာ တက္ကသိုလ်အဆင့်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ စစ်တုရင်ဝါသနာရှင်များ စုစုပေါင်း (၅၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

လွိုင်လင်မိုး (ခရိုင်ပြန်/ဆက်)