ရွှေတောင် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မဲတောအုပ်စု၊ ကမ်းတင်ကျေးရွာတွင် ယနေ့နံနက် (၉း၀၀) နာရီ အချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ကျေးရွာဖွံဖြိုးရေးစီမံကိန်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းကွန်ကရစ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ကျေးရွာအုပ်စု ဒေသခံပြည်သူများကိုယ်စား ကျေးရွာကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေတောင်မြို့နယ်၊ မဲတောအုပ်စု၊ ကမ်းတင်ကျေးရွာ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွာတွင်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါလမ်းအား ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်ရွှေတောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကျေးရွာ(၉)ရွာဆောင်ရွက်နိုင်ခဲ့ပြီး မဲတောအုပ်စု၊ ကမ်းတင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းအား (၅၅၀ပေx အလျား ၁၂ပေ xထု ၆လက်မ) ရှိပြီး သိန်း(၁၂၀)ကျပ်နှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းအတွက် သိန်း( ၃၀)ကျပ်၊ ကျေးရွာပြည်သူထည့်ဝင်ငွေဖြင့် ကွန်ကရစ်လမ်း (၂၀၀ပေx အလျား ၁၂ပေ x ထု၆လက်မ) ကုန်ကျငွေသိန်း(၄၀.၁) ကျပ် စုစုပေါင်း ကုန်ကျငွေ (၁၉၀.၁ )သိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)