ကျိုက်မရော ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျန်းမာသန်စွမ်းသောကလေးများနှင့် ရောဂါကင်းဝေးသော မိခင်လောင်းများဖြစ်စေရန်အတွက် လစဥ်လဆန်းရက်များ၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကျန်းမာရေးဆေးပေးခန်းများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဝန်ထမ်းများက မွေးစမှ အသက်တစ်နှစ်ခွဲအောက်ကလေးများအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ပုံမှန်အတိုင်းတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို လစဥ်ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ကလိုင်းကနိုင် ကျေးရွာကျန်းမာရေးဆေးခန်းမှ သားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)