ပဲခူးမြို့တွင် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ(ပထမနေ့)ကျင်းပ

 

ပဲခူး ဇန်နဝါရီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ (ပထမနေ့)ကို ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓေါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ယမန်နေ့ ည () နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ တရားနာပရိတ်သတ်အပေါင်းက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးအမှူးပြုသော တရားနာပရိတ်သတ်အပေါင်းမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝာစကပဏ္ဍိတဘဒ္ဒန္တသုန္ဒရ "ခေါင်းဆောင်" တရားခေါင်းစဥ်ဖြင့် ဟောကြားတော်မူသည့် တရားတော်မြတ်ကို နာယူတော်မူကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဓမ္မကထိကဆရာတော်အား လှူဘွယ်ခြင်းနှင့် ဓမ္မပူဇာအလှူတော်ငွေများကိုလည်းကောင်း၊ တရားအလှူနာယူကြသည့် သံဃာတော်များအား နဝကမ္မအလှူငွေများကိုလည်းကောင်း လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)