ကြံခင်း ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရောင်းချ ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ကလို့ကွင်းအုပ်စုရှိ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းတွင် ရောင်းချပေး ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်ကြီးကြပ်ဆောင်ရွက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းကို၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာယာနှင့် တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ (၂၆)ဦးအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ ခြောက်၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းများကို ပြင်ပပေါက်ဈေး၏ တစ်ဝက်ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့နောက်စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၀၃)ဦးအား အာဟာရပြည့်ဝစေရန် ကြက်ဥပြုတ် များ ပေးဝေခဲ့ကြောင်း သိရသည်။