ဗန်းမော် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းမှစတင်၍ (၇၆)နှစ်မြောက် အထိမ်းအမှတ် ကျား၊ မ လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ ထုတ်စည်းထိုးပြိုင်ပွဲ၊ ကြက်တောင်ရိုက်၊ ဖူဆယ် အားကစားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ စသည့်အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပြီး ဗန်းမော်ခရိုင် အဝေရာအားကစားခန်းမ၌ ဇန်နဝါရီ ၄ ရက် နေ့လယ် ၂ နာရီတွင် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖိုင်နယ် ပွဲစဉ်ယှဉ်ပြိုင်ကစားခြင်း ညနေ ၄ နာရီတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်များ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ညနေ ၄ နာရီခွဲခန့်တွင် ဆုရရှိသည့်အသင်းများအား ဗန်းမော်ခရိုင်စီမ ံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန် ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)