ဖျာပုံ ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နိုင်ငံတော်မှ အားထားရသော မျိုးဆက်သစ် အားကစားသမား ကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသော ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်နှင့် အောက် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပရာ X solo အသင်းနှင့် Pionier အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ Xsolo အသင်းက (၄)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်းတို့က ပထမဆုရ X solo အသင်းအား ပထမဆုဖလား၊ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများအားပေးအပ်ချီးမြှင့်ပြီး ဒုတိယဆုရ Pionier အသင်းနှင့် MIU အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ကြ သည်။ ဆက်လက်၍ ဖျာပုံခရိုင် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခင်စန္စာဦးနှင့် အဖွဲ့ဝင်များက ဧရာဝတီတိုင်းဒေသကြီး (၂၆)မြို့နယ် အေရိုးဗစ်ပြိုင်ပွဲတွင် တတိယဆုရ ဖျာပုံမြို့နယ် အေရိုးဗစ်အသင်းအား ဂုဏ်ပြုဆုများ ထပ်ဆင့်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)