ခန္တီး ဇန်နဝါရီလ ၅
လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေပြီး နိုင်ငံအတွက်သားကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးကိုရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်လည်း ပညာရေးဌာနနှင့်ပူးပေါင်း၍ လူငယ်များအသိအလိမ္မာတိုးပွားစေရေးကို ရှေးရှုလျက်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအထက်တန်း (ခွဲ) အမှတ် (၄) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ရှိန် မြှင့်တင်ရေးနယ်လှည့်ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က စာပေမြင့်မှလူမျိုးတင့်တယ်မည်၊ စာဖတ်ခြင်းသည်လူတစ်ယောက်၏ ဦးနှောက်ကိုဖွံ့ဖြိုးစေမည်ဖြစ်ပြီး စာပေကြောင့် အသိတရားများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း စသည်ဖြစ်ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီးနောက် ဒေါ်တင်မာဦး (ရုပ်သံကျွမ်းကျင်-ရုပ်သံကျွမ်းကျင်၃) က အလိမ္မာစာမှာရှိခေါင်းစဥ်ဖြင့် အကျယ်တဝန့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသောကျောင်းသား/သူ များကမိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။
အေးခိုင် (ပြန်/ ဆက်)