ငွေဆောင်မြို့တွင် လွတ်လပ်ရေးနေ့၌ ခရီးသွားဧည့်သည်များ၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲများဖြင့် စည်ကား

ငွေဆောင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေတွင် ယမန်နေ န်နဝါရီလ(၄)  ရက်နေ့၊ လွတ်လပ်ရေးနေ့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင် စည်ကားခဲ့ပြီး မြို့အတွင်းတွင်လည်း ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသည် ပင်လယ်ကမ်းရိုးတန်း ရှည်လျားခြင်း၊ ပင်လယ်ရေ ကြည်လင်ခြင်း၊ သဲ သောင်ပြင်သန့်ရှင်းခြင်း၊ ဟိုတယ်များဝန်ဆောင်မှု ကောင်းမွန်ခြင်း စသည်တို့ဖြင့် ခရီးသွား ဧည့်သည်ဝင် ရောက်မှုများပြားရာ ကမ်းခြေတစ်ခုဖြစ်ပြီး ယနေ့ ဇန်နဝါရီလ( ) ရက်နေ့၊ လွတ်လပ်ရေးနေ့ (အစိုးရရုံး ပိတ်ရက်) တွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ ဝင်ရောက် အပန်းဖြေခဲ့ကြောင်း သိရသည်။ ငွေဆောင်မြို့အတွင်းတွင်လည်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံပြည်သူများမှ ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

R – 014( ငွေဆောင်)