ဖားကန့် ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အချုပ်ထောင်တွင် ဇန်နဝါရီလ ၄ ရက်က ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၄)ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ယင်းအကျဉ်းသား၊ အကျဉ်းသူ (၄)ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အမှတ်(၁/၂၀၂၄) ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေ ရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် စေလွှတ်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ အကျဉ်းသား၊ အကျဉ်းသူ(၄)ဦးတို့မှာ ဖားကန့်အချုပ်ထောင် (မဇွပ်ယန်)မှ အကျဉ်းသား (၁)ဦး၊ အကျဉ်းသူ(၂)ဦး ပေါင်း(၃)ဦးနှင့် ဒွန်ဘန်စိုက်ပျိုးမွေးမြူရေးစခန်းမှ အကျဉ်းသား(၁)တို့ ဖြစ်ကြပြီး ၎င်းအကျဉ်းသား၊ အကျဉ်းသူ (၄)ဦးအား ဖားကန့်အချုပ်ထောင် တာဝန်ခံဦးစီးအရာရှိ ဦးသီဟဆွေ၊ ဒွန်ဘန်စိုက်ပျိုးမွေးမြူရေးစခန်းမှ ထောင်တာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းထွန်းစိုးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြပြီးနောက် ကတိခံဝန်ချက် လက်မှတ် ရေးထိုး၍ လွတ်လက်မှတ်ပေးအပ်ခြင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အကျဉ်းသားတစ်ဦးလျှင် ငွေကျပ်(၅၀၀၀)နှုန်း၊ ခရီးစရိတ်/စားစရိတ်များကို တစ်ပါတည်း ပေးအပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖားကန့် ပြန်/ဆက်