ဇလွန် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အ .ထ . က (၁) ဇလွန် အမျိုးသားဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (၁) ဇလွန်မှ ကျောင်းသူလေးများက ကမ္ဘာ့အဆင့်မီပညာရေး တေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းလွင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဖုန်းဇော်က မြို့နယ်ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုနှင်းသဘင်အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဝင်းလွင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ် အဆင့် လူရည်ချွန်ဆု၊ အင်္ဂလိပ်စာစွမ်းရည်ဆု၊ သင်္ချာစွမ်းရည်ဆုများ ရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.မ.က ညောင်ပင်ဈေး ကျောင်းသူလေးများက ထာဝရမြန်မာ သီချင်း၊ အ.ထ.က (၁)ဇလွန် Grade-6 ကျောင်းသူလေးများက အလှကမ္ဘာမြေသီချင်းဖြင့် သီဆို ဖျော်ဖြေ ခဲ့ကြသည်။ ယင်းနောက် ၂၀၂၃ ခုနှစ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ဉာဏဆုများ၊ ကာယဆုများ ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)