မိုင်းယောင်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝီလျံနှင့် အမှတ်(၂၊ ၄၊ ၅) ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အတွင်း တာဝန်ပေးထားသော ရေမြောင်းကော်မတီဝင်များက မြို့တွင်းလယ်ရေသွင်းမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ မိုးမကျမီ ပွင့်လင်းရာသီတွင် ရေမြောင်းများအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများ စသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြို့တွင်း လယ်ရေ သွင်းမြောင်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)