ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော် ကျင်းပ

ပြည် ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ရှေးဦးစွာ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူကလေးများက စုံညီပွဲတော်တို့နွဲပျော် သီးချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး​ ပြည်မြို့(ရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဆရာကြီးဦးတင်ယု အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်ခရိုင် ပညာရေးမှူးရုံး၊ ပြည်မြို့မှ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းဝင်း အမှာစကား ပြောကြားသည်။

ယင်းနောက် အ.ထ.က-ရွှေတံခါးမှ ကျောင်းသား၊ကျောင်းသူကလေးများက ထာဝရမြန်မာ အကအလှဖြင့် ကပြဖျော်ဖြေပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)မှ ဆရာကြီးဦးတင်ယုနှင့် တာဝန်ရှိသူများက လူရည်ချွန် ကျောင်းသား၊ကျောင်းသူ (၈)ဦးအား ဆုချိမြှင့်ခြင်း၊ အင်္ဂလိပ်စာနှင့် သင်္ချာပြိုင်ပွဲတွင် ဆုရရှိသူ (၃၀)ဦးအား ဆုချီးမြှင့်ခြင်း၊ National ICT Awards-2023 ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ (၈)ဦးအား ဆုချီးမြှင့်ခြင်း (၂၄)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး၊ ပြိုင်ပွဲ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် နိုင်ငံတော်အဆင့် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူ (၇)ဦးအား ဆုချီးမြှင့်ခြင်း U18 ပြေခုန်ပစ် ( ကျား/မ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ကြပြီး အ.ထ.က (၁) ပြည်မှ ကျောင်းသား၊ကျောင်းသူများက ပန်းရည်ဘဏ်တိုက်သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနား ဒုတိယပိုင်း ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ မြန်မအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲ၊ (၇၆) ​ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပြိုင်ပွဲ၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ပြိုင်ပွဲ၊ အဂတိတိုက်စားမှုတိုက်ဖျက်ရေးနေ့၊ နိုင်ငံတကာစာတက်မြောက်ရေးနေ့၊ ကမ္ဘာ့ဆရာများနေ့၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ၊ (၁၀၃)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့၊ U-18(ကျား/မ) ဘောလီဘော၊ U-U18 (ကျား/မ) ပိုက်ကျော်ခြင်း၊ U-18(ကျား/မ) စာပွဲတင်တင်းနစ်၊ U-စာပွဲတင်တင်းနစ်၊ U18(ကျား/မ) ဘက်စကတ်ဘော၊ U-18(ကျား/မ)ကြက်တောင်ရိုက်နှင့် U-18(ကျား/မ) ဘောလုံပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အ.ထ.က(၁)ပြည်မှ ကျောင်းသား၊ကျောင်းသူကလေးများက ဇာတိမာန်သီးချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်ဒေသကြီးပညာရေးမှူးရုံး ပြည်(ရုံခွဲ)မှ ဆရာကြီး ဦးတင်ယု ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်း ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ကျောင်အုပ်ဆရာကြီးများ၊ ဆရာ၊ဆရာမများ ဆုရကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

ကိုစိုး( ပြည်)