ကသာ ဇန်နဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ အမှတ်(၁) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေ အသုံးစရိတ်ခေါင်းစဉ်အောက်မှ ဆွမ်းဆန်တော်၊ ကျောင်းဝတ်စုံ (အဖြူ/အစိမ်း)၊ ဗလာစာအုပ်၊ ဘောပင်များ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှင်သာမဏေ၊ သီလရှင်နှင့် ကျောင်းသား/ကျောင်းသူ ၁၂၅၇ ဦးအတွက် ရိက္ခာဆန် ၉၀ အိတ်၊ ကျောင်းဝတ်စုံ အဖြူ/အစိမ်း ၁၅၀ စုံ၊ ကျောင်းသုံးဗလာစာအုပ် ၄၀၀ ဒါဇင်၊ ဘောပင် အချောင်း ၅၀ ပါ ၅၁ ဘူးအတွက် လှူဒါန်းငွေကျပ် ၉,၇၁၅,၀၀ဝိ/- (ကျပ် ကိုးသန်း ခုနှစ်သိန်း တစ်သောင်းငါးထောင် တိတိ)အား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ အမှတ်(၈၈) ခြေမြန်တပ်မ ဌာနချုပ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး နန်းလွင်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ ကသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်နှင့် ရုံးဝန်ထမ်းများက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)