ညောင်ဦး ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၁၂ ရာစုလက်ရာ မြတ်ဗုဒ္ဓတာဝတိံသာနတ်ပြည်မှ ဆင်းတော်မူခန်းထုလုပ်ထားသည့် အေဒီ ၁၂ ရာစု သဲကျောက်ဆင်းတုတော်များ ဖူးမြော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက် ပင်မပြခန်းတွင် ပြသထားသည့် အေဒီ ၁၂ ရာစု သဲကျောက်ဗုဒ္ဓဆင်းတုတော်သည် အမြင့် ၁၀၇ စင်တီမီတာ၊ ဗျက် ၅၈.၈ စင်တီမီတာ၊ထု ၃၃ စင်တီမီတာရှိပြီး ပုဂံမြို့ဟောင်းရှိ မြင်းကပါဂူပြောက်ငယ်ဘုရားမှရရှိခဲ့ကာ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြသထိမ်းသိမ်းထားကြောင်းလေ့လာဖူးမြော်တွေ့ရှိနိုင်ပြီး မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်ရှိ မယ်တော်မိနတ်သားနှင့်တကွ နတ်ဗြဟ္မာအပေါင်းတို့ကို တရားဟောတော်မူပြီး သိကြားမင်းဖန်ဆင်းသောစောင်းတန်း သုံးသွယ်အနက် အလယ်ပတ္တမြားစောင်းတန်းမှလူပြည်သို့ဆင်းသက်လာပုံ သဲကျောက် ဖြင့်ထုဆစ်ပူဇော်ခဲ့ပုံဖြစ်ပြီး ညာဘက်တွင် ဗြဟ္မာမင်းမှထီးမိုးဟန်၊ဘယ်ဘက်တွင်သိကြား မင်းမှ သပိတ်ပိုက်ဟန်၊ ခြေတော်ရင်းတွင်ရဟန်းတစ်ပါးရှိခိုးနေဟန်ပုံတို့အားလက်ရာ မြောက်စွာထုဆစ်ခဲ့သည်ကို လေ့လာဖူးမြော်နိုင်မည်ဖြစ်သည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးထဲတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသု ကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေပြ ခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ပုဂံခေတ် ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ် ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့်ပုဂံခေတ်နံရံဆေးရေး ပန်းချီပြခန်းစသည်ဖြင့် ပြခန်း(၁၀)ခန်းခင်းကျင်းပြသထားကြောင်းသိရသည်။
ဒီပါလင်း
ဦးဝင်းထိန်၊ ညောင်ဦးခရိုင် (ပြန်/ဆက်)