မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဦဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီ၊   မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)  တို့ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဦးစွာကျင်းပရာ မိတ္ထီလာအခြေပြု ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနာယက ဆရာတော်ဘဒ္ဒန္တသုမနက အဖွင့်ဩဝါဒါမိန့်ကြားသည်။ ဆက်လက်၍ အဆိုပါကော်မတီဥက္ကဋ္ဌ ထီလာလိတ်ဗျူးဟိုတယ်ပိုင်ရှင် ဦးသန်းစိုးက အမှာစကားပြောကြားပြီး  ကော်မတီဒုတိယဥက္ကဋ္ဌ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ ကျောင်းသား ၂၆ ဦးက ပါဝင်ယှဉ်ပြိုင်သည်။ ကျောင်းသူ၊ကျောင်းသား လူငယ်များရဲ့ အင်္ဂလိပ်စာ စွမ်းရည်တိုးတက်ဖွံ့ဖြိုးရေးရည်ရွယ်ချက်နဲ့ကျင်းပတဲ့ ဒီပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ နှစ်ရက်တာကျင်းပတာဖြစ်ပြီး ပြိုင်ပွဲမှာပြိုင်ပွဲဝင် ကျောင်းသူကျောင်းသား ၄၇ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။အဆိုပါ  ပြိုင်ပွဲတွင် ဆုရရှိကြသည့်ပြိုင်ပွဲဝင် ကျောင်းသူ၊ကျောင်းသားများကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ