စစ်ကိုင်းမြို့၊ တကောင်း(အ.မ.က)တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်း ဇန်နဝါရီ ၁၅

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တကောင်းရပ် အခြခံပညာ မူလတန်းကျောင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုး၊ ဒေါ်ဥမ္မာဝင်း၊ ဒေါ်ထက်ထက်လင်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု မခံရအောင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ဥပဒေများနှင့် အတင်းအားဓမ္မခိုင်းစေမှုမခံရအောင် ဆောင်ရန်/ ရှောင်ရန်အချက်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုလေ့လာကြဖို့လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ ဗဟုသုတများရရှိကာ အမှား/ အမှန်ဝေဖန် ခွဲခြားနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ ဌာန အနေဖြင့် သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေး နေသည့်အတွက် လာရောက် ငှားရမ်းဖတ်ရှုကြဖို့ ဖိတ်ခေါ်လိုကြောင်း အသီးသီးဆွေးနွေးပေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် “ဇေယျာရွှေမြေ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြ ကြောင်း သိရသည်။

ဇော်မြင့်နိုင်