ရသေ့တောင် ဇန်နဝါရီ ၁၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့အတွင်းရှိ ဒေသခံပြည်သူများအတွက် ထမင်းဘူးနှင့်ဆန်များကို ယမန်နေ့ညနေ ၃ နာရီတွင် တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရဿည်။
မြို့နယ်နာရေးကူညီမှုအသင်းနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းလှူဒါန်းကြခြင်းဖြစ်ပြီး အရှေ့မြောက်ရပ်ကွက် အ.ထ.က(၂)ခွဆုံ၌ မြို့ပေါ်(၄)ရပ်ကွက်မှ ဒေသခံပြည်သူ (၆၄၆) စုအတွက် ထမင်း(၁၂၉၂)ဘူးနှင့် ဆန်(၄၂)အိတ်ကို ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ရသေ့တောင် (ပြန်/ဆက်)