ဖျာပုံမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဖျာပုံ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံ စားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ်(၁၁)ရပ်ကွက်အတွင်း ရောင်းချပေးကြသည်။
ထိုသို့ ရောင်းချပေးရာတွင်​ ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်ကြူနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ဖျာပုံမြို့ အမှတ် (၁၁) ရပ်ကွက်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်း များကို သက်သာ သောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကြက်ဥ (၁)လုံးလျှင် (၂၄၀)ကျပ်၊ အမဲသား (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကန်ဇွန်းရွက်၊ ချဥ်ပေါင်ရွက်စသော ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများ အဆင်ပြေစွာ ဝယ်ယူ နိုင်ရေး လိုက်လံရောင်းချပေး လျက်ရှိကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်သူများသို့ သက်သာသောစျေးနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ် တနင်္လာနေ့တိုင်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)