နတ်မောက် ဇန်နဝါရီ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျွဲ၊ နွားစာနှံစားပြောင်း၊ နေကြာနှင့် ကုလားပဲသီးနှံများ စိုက်ပျိုးထားရှိရှိရာ နှံစားပြောင်းများ ရိတ်သိမ်းကြပြီး ခြွေလှေ့လျက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူများသည် နှံစားပြောင်းများကို ကျွဲ၊ နွားစာအဖြစ် မိုးဦးကာလများတွင်လည်းကောင်း၊ မိုးဦးနှမ်း၊ မြေပဲရိတ်သိမ်းပြီးအချိန်တွင်လည်းကောင်း စိုက်ပျိုးထားရှိရာ ဒီဇင်ဘာပထမတွင် နှံစားပြောင်းများကို ကျေးရွာတောင်သူများသည် လယ်ယာလုပ်သားများ ခေါ်ယူကာ ရိတ်သိမ်းလျက်ရှိသည်။ ရိတ်သိမ်းထားရှိသော အပင်များရှိ နှံစားပြောင်းအနှံများကို နောင်နှစ်များတွင် မျိုးအဖြစ် ပြန်လည်အသုံးပြုနိုင်ရန်အတွက် ရိတ်သိမ်းထားကြကြောင်း၊ ယခင်လက်မှုလယ်ယာခေတ်တွင် ရိတ်သိမ်းပြီးပြောင်းနှံများကို မိမိအိမ်တလင်းတွင် စုပုံထားရှိပြီး နွားဖြင့်နယ်ကာ သိမ်းစည်းကြကြောင်း၊ ယခုစက်မှုလယ်ယာခေတ်တွင် ယာခင်းထဲမှ ရိတ်သိမ်းလာသည့် နှံစားပြောင်းအနှံများကို အိမ်ရောက်လာပါက ခြွေလှေ့စက်ဖြင့် ခြွေလှေ့လျက်ရှိကြောင်း၊ အချိန်ကုန်သက်သာသလို ဖုံ၊ သဲ၊ ဂဲများကင်းစင်သည့် ပြောင်းမျိုးစေ့များကို ရရှိကြောင်း၊ နှံစားပြောင်းခြွေလှေ့ခအဖြစ် တစ်တင်းကို ၃၀၀၀ကျပ်နှုန်းပေးရကြောင်းတောင်သူ ဦးမျိုးမင်းထိုက်ကပြောသည်။
မူမူစန်း