ရွှေတောင် ဇန်နဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဂိုဒေါင်ဝန်းတွင် ယမန်နေ့ နံနက်ပိုင်းက လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်ရက် (၉၀) စပါးမျိုး စိုက်ပျိုးရန်ပျိုးဘောင်ဖြင့် ပျိုးထောင်ပုံအဆင့်ဆင့်နှင့် ဆားရည်စိမ်၍ မျိုးစပါးသန့်စင်ခြင်း လုပ်ငန်းအဆင့်ဆင့် သရုပ်ပြပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စွာရရှိစေရေး အစီအမံများအား ချပြရှင်းလင်းခြင်း၊ သက်တမ်းတိုအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးရေးနှင့် ကြဲခင်းများ လုံးဝ (လုံးဝ) မပြုလုပ်စေရေး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်မှ ပျိုးဘောင်ဖြင့် ပျိုးထောင်ပုံအဆင့်ဆင့်နှင့် ဆားရည်စိမ်၍ မျိုးစပါးသန့်စင်ခြင်း လုပ်ငန်းအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရွှေတောင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါအဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် နွေစပါးစိုက်ပျိုးမည့်တောင်သူများ စုစုပေါင်းအင်အား(၈၃) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)