အုတ်ဖို ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က အ.လ.က ပြည်တော်သာကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း ဆောင်ရွက်သည်။
နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများကို ကျောင်းသားကျောင်းသူများ အားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မိုးက ကလေးသူငယ်များ ကိုယ်ကာယ၊ ဥာဏ စွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး အသိပညာပေး ပြောကြားကာ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြော သရုပ်ပြသခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကျောင်းသား ကျောင်းသူများအား နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသဖတ်ရှု စေခဲ့ကြောင်းသိရသည်။
အောင်သူ (အုတ်ဖို)