ရွှေတောင် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က( ရွှေတောင်) ရတနာခန်းမတွင် ဇူလိုင် ၂၀ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား/ သူများအားဂုဏ်ပြုချီးမြှင့်ပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ၊မြို့နယ်ပညာရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြာပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား/ သူများနှင့်ဆရာ/ ဆရာမများအား ဂုဏ် ပြုဆုငွေများနှင့်မှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပညာရေး ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်ဝင်း ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ ဆက်)