လားရှိုး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဦးစီး၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း အဆောက်အအုံစာရင်းများကောက်ယူခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်၍ ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေစာရင်း အဆောက်အအုံစာရင်းများ ကောက်ယူခြင်းကော်မတီဝင်များက ရပ်ကွက်အလိုက် အဆောက်အအုံမြေပုံများကို ဂျီပီအက် (GPS) ထောက်၍ အဆောက်အအုံအမှတ်စဉ်၊ အိမ်ခန်းအမှတ်စဉ်၊ အိမ်ထောင်စုအမှတ်စဉ်၊ အိမ်ထောင်ဦးစီးအမှတ်စဉ်နှင့် တည်နေရာလတ္တီကျူ၊ လောင်ဂျီကျူများကို ကောက်ယူ၍ ဆာဗာထဲသို့ထည့်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)