နောင်တရား တိုက်နယ်ပြည်သူ့ဆေးရုံ၌ Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ

နောင်တရား ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ သက်မှတ်ချက်များနှင့် ကိုက်ညီသည့် ပြည်သူများကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခဲ့သည်။

Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် နောက်ဆုံးအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုကာလ အနည်းဆုံး(၆)လရှိရမည်ဖြစ်ပြီး ထိုးနှံရမည့်သူများမှာ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ကိုထိုးနှံပေးခဲ့သည်။

အဆိုပါ Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် (၁)ဦး၊ အသက် ၆၅ နှစ်အထက် ပြည်သူ (၇၉)ဦး၊ အသက်(၅၀)အထက် ဝန်ထမ်း (၁၈)ဦး၊ အသက် ၁၈နှစ်အထက် နာတာရှည်ရောဂါရှိသူ (၅၆) ဦး စုစုပေါင်း (၁၅၄)ဦးကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)