မိုးနဲ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနနေရာ၌ ယနေ့နံနက် ၈နာရီအချိန်ကစတင်ကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးရွာနေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး PFIZER ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာဇင်မီဟန်၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများကပူးပေါင်းကာ အရက်သောက်စားလာခြင်းရှိမရှိ၊ ရူဆေး၊ သောက်ဆေးများ ရက်ရှည်သုံးဆွဲနေရခြင်းရှိမရှိနှင့် ဆေးထိုးပြီးခဲ့သည့် အကြိမ်ရေတို့ကို မေးမြန်းကာ စာရင်းသွင်းခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် PFIZER ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်လုံးလျှင် ၆ ယောက်နူန်းဖြင့် ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများ၊ ပထမအကြိမ်မှစ၍ အကြိမ်ရေအလိုက်ထိုးနှံပြီး ၆လပြည့်သူများ၊ Booster First Dose ထိုးနှံမည့်သူများ၊ Booster Second Dose ထိုးနှံမည့်သူများအပြင် Booster Third Dose ထိုးနှံမည့်သူများအား ထိုးနှံပေးခဲ့ပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ ကုသပေးနိုင်ရန် မိနစ် ၃၀ ကြာ စောင့်ဆိုင်းစေခဲ့ကြောင်း တာဝန်ရှိသူထံမှသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)